Sunday, June 6, 2010

တနင်္လာ

နေမကောင်းဘူး ... MC ယူတယ်...

မနေနိုင်ဘူး email စစ်တယ်....လုပ်စရာတွေ အကြောင်းပြန်စရာတွေတွေ့တယ် ... တတောက်တောက်နဲ့ Keyboard ကို ခေါက်ပြီးလုပ်တယ်... ပြီးပြတ်ရမယ့်အလုပ်တွေ တစ်ရက်နောက်ကျသွားမှာ စိုးရိမ်နေတယ်... ရုံးခန်းမှာ သွားထိုင်မနေတာကလွဲပြီး တခြားဘာနှောင့်နှေးမှုတွေမှ ကိုယ့်ကြောင့် မဖြစ်စေချင်ဘူး... ဒါပေမယ့် ရုံးသွားတက်နေသလောက်တော့ effective ဖြစ်မှာမဟုတ်ဘူး...

အင်း.... မနက်ဖြန် လုပ်စရာတွေပိုများတော့မှာပဲ... ဖုန်း call တွေလွတ်ကုန်မလား...

ဘာဖြစ်လို့များ အလုပ်ကို သံယောဇဉ်ဖြတ်ပြီး မနေနိုင်တာလဲ... ကျွန်ဇာတာပါတယ်လို့ ပြောကြဦးမလား..

ဘာပဲဖြစ်ဖြစ် ခု စာရေးရင်းကို ခေါင်းကမူးလာသလိုပဲ....

စိတ်ဒုံးဒုံးချထားပြီး အိပ်တာပဲကောင်းပါတယ်... မဟုတ်ရင် ခွင့်တစ်ရက်ကုန်တာ အဖတ်တင်ပြီး နေလဲ မကောင်း အနားလဲမရ ဖြစ်တော့မယ်....။

မနက်ဖြန်ကို မနက်ဖြန်ကျမှ စာရင်းရှင်းတာ ကောင်းပါတယ်...။

ဧကရီ