Monday, October 25, 2010

ဟိုက ဒီက ဟာသ အတိုအထွာ

(၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။

(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။

Forward mail က ရတဲ့ ဟာသလေးတွေပါ... ရီစေချင်လို့ ပြန်မျှဝေပါတယ်...။

ဧကရီ

Wednesday, October 20, 2010

Sunday, October 17, 2010

... ဓမ္မစကြာ ...

တနင်္ဂနွေ..

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ရုံးသွားတက်ရတယ် တနင်္ဂနွေနေ့ကြီးကို...

 ဒါနဲ့တစ်ပတ်လုံးမနားလိုက်ရဘူး...

ဒီတစ်ပတ်တော့ နားရတယ်ဆိုပြီး အိပ်လိုက်တာ ၁၁ နာရီမှ နိုးတယ် (ဟီးးး)..... ကာလနဂါးနဲ့ အမျိုးတော်တယ်ဆိုတော့လေ...

ပြီးတော့ ဟိုလုပ်ဒီလုပ်... အင်တာနက်ဖွင့်... ဟိုကြည့်ဒီကြည့်...

ညနေကျတော့ ဒီနေ့ ကုသိုလ်ရရာ ရကြောင်းလေး လုပ်ဦးမှပါ ဆိုပြီး  ဘုန်းကြီးကျောင်းသွား ဓမ္မစကြာရွတ်... အလှူငွေထည့်... မုန့်ဟင်းငါးစား... သစ်သီးစား...ရေသောက်ပြီး ပြန်လာခဲ့တယ်...


ဒီနေ့ ပညာရော ဥစ္စာပါ မရရင်တောင် ကုသိုလ်တော့ ရခဲ့ပြီလို့ ထင်တယ်...

တကယ်တော့ ညောင်ကန်အေးကျောင်းတိုက် ( Yishun ) မှာ စနေညတိုင်း ၈ နာရီဆို တရားပွဲရှိတယ် ပြီးရင် တရားထိုင် ည ၁၀ နာရီမှပြီးတယ်...မပျက်မကွက်လို့ မဆိုနိုင်ပေမယ့် အမြဲလိုလို သွားဖြစ်တယ်...တရားကတော့ ပါရမီကနည်း ဝိရိယက မမြဲလို့ ခုထိ ဘာမှဖြစ်မလာသေးပါဘူး....

တနင်္ဂနွေဆိုလဲ ညနေ ၇ နာရီကစပြီး ဓမ္မစကြာရွတ်တယ်... အဲ့ဒါကတော့ တစ်ခါတစ်လေမှသွားဖြစ်တာ...
ဒီတစ်ပတ်လည်း မနေ့က မသွားဖြစ်တာနဲ့ ဒီနေ့ရောက်အောင်သွားလိုက်တာလည်းပါတယ်... ဘုရားကျောင်းကန်ဆိုတာ အနည်းဆုံး တစ်ပါတ်တစ်ခါတော့ သွားသင့်တယ်လို့ ထင်တယ်...

အင်း... မနက်ဖြန်ကျတော့လည်း ထုံးစံအတိုင်း တစ်ပါတ်ပြန်လည် တနင်္လာရောက်ပြန်ဦးမယ်....။

ဧကရီ

Thursday, September 30, 2010

... စာပေဟောပြောပွဲ (26.09.2010) ...

၁၅ ကျပ်နဲ့စတဲ့ခရီး...
ဟောပြောပွဲကြီးရောက်ပါပြီ....

MC ငယ်ငယ်ချောချောလေးတွေ

ဆရာလယ်တွင်းသားစောချစ်.... တစ်ခါမှ ဖတ်ဖူးတယ်လို့အမှတ်တရမဖြစ်မိရိုးအမှန်ပါ... ပန်းမြိုင်လယ်က ဥယျာဉ်မှူးတောင် ဆရာရေးတာမှန်း ခုမှသိတာပါ... အဲ့လို ဗဟုသုတနဲ့ပြည့်စုံပါတယ်... (ဟဲဟဲ... ကြွားတာပါ) ပီမိုးနင်းလည်းဖတ်ဖူးပါတယ်... ဘာလို့များ ဆရာ့လို အောင်စိတ်တွေဘာတွေမမွေးမိပါလိမ့်... အင်း... ခက်သေးတယ်...ကြိုးစားဦးမှ...

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း).... သူရဲကောင်းတွေအကြောင်း အပြောကောင်းတဲ့ဆရာပါ....

ကာတွန်းအော်ပီကျယ်... ခေသူမဟုတ်... လေးစားဖို့ကောင်းတဲ့ဆရာ.... ဒံပေါက်စားပြီးစဆိုတော့ ခေါင်းမူးမူးနဲ့ နားထောင်ခဲ့တာတော့ အမှန်ပဲ... :P

ဘဝထဲကစာ...စာထဲကဘဝ၊ သုတ ရသစာပေ ၊ ဒို့ဗမာတွေ ပျော်ပါစေ....။


ဧကရီ

Sunday, September 12, 2010

တနင်္ဂနွေ

စောစောတော့နိုးလာတယ်...လန်းလန်းဆန်းဆန်းပဲ...

ဖုန်းလာတယ်...သူငယ်ချင်းဆီက...သူ့အတွက်ကူညီပေးဖို့တွေပြောသွားတယ်...လုပ်ပေးမယ်လို့ပြောလိုက်တယ်...
လိုလိုချင်ချင်ပါပဲ...သူငယ်ချင်းဆိုတာ ဒီလိုပဲရှိရမယ်...

နေ့လည်...အိမ်အလုပ်တွေလုပ်...အဝတ်လျှော် မီးပူတိုက် စာအုပ်စင်ရှင်း အိပ်ရာခင်းလဲ... ပြောပြလဲ တစ်ခွန်းနှစ်ခွန်းပေမယ့် အချိန်ကုန်တဲ့ ကိစ္စတွေ... လုပ်ဖူးရင် သိပါတယ်လေ...

FB ပေါ်တက် ဟိုလူစ ဒီလူစ ... ဓါတ်ပုံတွေကွန်မန့်လိုက်ပေး... ဟေးလားဝါးလားလုပ်... စိတ်ထွက်ပေါက်လို့ ဆင်ခြေပေး... ဒါလေးတွေလဲ ပျော်စရာ...

စာနည်းနည်းဖတ်...ပျင်းလာတယ်...ရုပ်ရှင်ကြည့်...

ဖုန်းလာတယ်...မနက်က ကူညီမယ်ပြောထားတဲ့ကိစ္စ... ဒါနဲ့ အဝတ်အစားလဲ ... အပြင်သွား... ဘာညာသာရကာ ပြောဆိုမေးမြန်း... ကိစ္စက မပြတ်ပါ... မနက်ဖြန်ဆက်ရန်ပါလာတယ်... ဟူးးး မတတ်နိုငဘူး စမိရင် ဆုံးအောင်လုပ်ရမယ်...

စာကြည့်တိုက်ဝင်...ဖတ်ချင်မယ်ထင်တာတွေငှါး... Guardian မှာ ဟိုကြည့် ဒီကြည့် .... သွားတိုက်ဆေးနဲ့ body lotion ဝယ်ခဲ့တယ်... ပိုက်ဆံ ပိုက်ဆံ အသုံးမခံဘူး ဒါကြောင့် အပြင်မထွက်ချင်တာ...

အိမ်ပြန်ရောက်တော့ မနက်ဖြန် တနင်္လာဆိုတာကြီးက သတိတရ...

အင်းးးးး...ဘာလိုလိုနဲ့ တစ်ပတ်ပြီး တစ်ပတ်.....။။။


ဧကရီ

Friday, September 10, 2010

Saturday at office

စနေ...
သူများတွေနားနေတယ်...
ကိုယ်အလုပ်လုပ်နေတယ်...
ထမင်းစားပြီး အိမ်ပြန်ချင်လာတယ်...
လုပ်စရာတွေ စားပွဲပေါ်မှာ...ကွန်ပြူတာထဲမှာ...email - 156 mails in your inbox....
အိမ်မပြန်တော့ဘူး... မနားနဲ့... နောက်ရက်တွေမှာ စိတ်ထဲရှင်းဖို့ စနေတစ်ရက်ကို စတေးဖို့အသင့်ပြင်လိုက်ပြီ...

ဧကရီ

Thursday, September 9, 2010

ခုတစ်လော

ခုတစ်လောပေါ့...ပျင်းနေတယ်...စာတွေမရေးဖြစ်ဘူး...

အလုပ်...လုပ်ချင်စိတ်မရှိဘူး...လုပ်စရာတွေအများကြီးဆိုတာ သိတယ်...ဒါပေမယ့် မလုပ်ချင်ဘူး.... ဘယ်လိုလုပ်ရမလဲ...မလုပ်ချင်တာမှ ရှုပ်နေတဲ့ ကိုယ့်စားပွဲကိုတောင်မရှင်းချင်ဘူး...သိတယ်...တစ်ခုခုဆို ကိုယ့် တာဝန်ပဲဆိုတာ... ဟင်းးးး မောတယ်....လုပ်ချင်ကိုင်ချင်စိတ်ကုန်နေတာကို စိတ်ကုန်တယ်.... self motivation မရှိဘူးဆိုလား... initiative မဖြစ်ဘူးဆိုလား... ဒါမျိုးစကားလုံးတွေပြောပြောတတ်တဲ့ ဒါရိုက်တာကို မျက်စိထဲမြင်မိတယ်...

မနက်ဖြန်လား...သူများတွေရုံးပိတ်တယ်... Long weekend တဲ့... ကိုယ်တော့ ရုံးတက်ရမယ်... ပျင်းနေတဲ့စိတ်ကို ရုန်းပြီး ရုံးသွားတက်ရမယ်... စိတ်ကုန်တယ်... အင်းးးး... ဒီနေ့ holiday လေး ဖုန်းမခေါ်တဲ့ သူဌေးကို ကြံဖန်ကျေးဇူးတင်ပါတယ်...

နောက်တစ်ပတ်....ရင်လေးစရာကိစ္စတွေအများကြီးပဲ... မပြောချင်တာတွေလဲပြောရမယ်... မလုပ်ချင်တာတွေလဲ လုပ်ရမယ်... လာမယ့်ဘေးပြေးတွေ့တာပဲ ကောင်းပါတယ်... တုံးဆိုတိုက် ကျားဆိုကိုက်ဆိုတဲ့ စိတ်ဓါတ်တွေ ခုတစ်လောအားလျော့နေတယ်...

Pending တွေဘာမှမထားနဲ့ အကုန်မြန်မြန်လက်စသတ်.... ကိုယ့်ကိုကိုယ်ခဏခဏသတိပေးရင်း အလုပ်တွေပုံပုံလာတယ်....

အင်း.... တွေးနေလို့မှ ဘာမှမထူးတာ... နားရမယ့်နေ့ နားရမယ့် အချိန်မှာနား... အလုပ်လုပ်ရမယ့်အချိန် အလုပ်လုပ်.... အချိန်ကိုမခွဲဝေတတ်ဘူး လို့ ဝေဖန်သွားဖူးတဲ့သူကို သတိရလိုက်တာ......။။။။။။

ဧကရီ

Sunday, August 15, 2010

Where have all the cowboys gone ?



Paula Cole - Where Have All The Cowboys Gone

Oh you get me ready in your 56 chevy
Why don't we go sit down in the shade
Take shelter on my front porch
The dandy lion sun scorching,
Like a glass of cold lemonade
I will do laundry if you pay all the bills

CHORUS:

Where is my John Wayne
Where is my prairie song
Where is my happy ending
Where have all the cowboys gone

Why don't you stay the evening
Kick back and watch the TV
And I'll fix a little something to eat
Oh I know your back hurts from working on the tractor
How do you take your coffee my sweet
I will raise the children if you pay all the bills

Chorus

I am wearing my new dress tonight
But you don't, but you don't even notice me
Say goodbyes
Say goodbyes
Say goodbyes

We finally sell the chevy
When we had another baby
And you took the job in tennessee
You made friends at the farm
And you joined them at the bar
Almost every single day of the week

Chorus

I will wash the dishes while you go have a beer
Where is my Marlboro man
Where is his shiny gun
Where is my lonely ranger
Where have all the cowboys gone
Yippee yo, yippee yeah

မွေးနေ့ ၊ ဝါဆိုသင်္ကန်း

ဒီနေ့ မွေးနေ့ အတွက်ရော ဝါဆိုသင်္ကန်းပါပေါင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ် သင်္ကန်းကပ်ဖြစ်တယ်...

ကိုယ်တိုင် ထမင်းဟင်းချက်ပြီး ဆွမ်းကပ် သင်္ကန်းကပ်တာဆိုလို့ ဒါ ပထမဆုံးပါ...

အိမ်မှာလုပ်တိုင်းကိုယ်က အဆင်သင့် မေမေတို့နောက်က လိုက်နေကြဆိုတော့...

ဒါတောင် အကုန်လုံးကိုယ်လုပ်တာချည်းပဲမဟုတ်ဘူး...

မွေးနေ့နီးတဲ့ အမတစ်ယောက်နဲ့ပေါင်းလုပ်တာ...

သူလဲ သူ့အိမ်မှာသူချက် ဘုန်းကြီးကျောင်းကို သယ်လာ...

ကိုယ်လဲ ကိုယ့်အိမ်မှာ ကိုယ်ချက် ဘုန်းကြီးကျောင်းကို သယ်လာ...

အိမ်ရှင်အန်တီကတော့ part time အလုပ်သွားရမယ့်ကြားက ဟင်းအိုးဝိုင်းပြင်ပေးသေးတာ... ကျေးဇူးတင်စရာပါ....
ဒီလိုနဲ့ အလှူပွဲလေးဖြစ်မြောက်သွားတယ်...

မနက်စောစော အိမ်ကိုလာပြီး ကူသယ်ပေးတဲ့ သူငယ်ချင်းကလည်း မရှိမဖြစ် အရေးကြီးတယ်... သူသာမရှိရင် ကိုယ်တစ်ယောက်ထည်း ဘယ်လိုသယ်မလဲနော်...

ထမင်းတစ်အိုးကြီး... ဟင်းချိုင့်တွေ... အသီး... တစ်ယောက်ထည်း သယ်လို့တော့အဆင်မပြေ...

ဒါတောင် လူတွေများများဖိတ်တဲ့အလှူမဟုတ်ဘူး....

အတူတူလုပ်တဲ့ အမဆို ဘယ်သူ့မှကို မဖိတ်ဘူး...အတူနေတဲ့သူတွေလောက်ပဲ... ဒါက စေတနာမရှိလို့မဟုတ်ဘူး... တစ်ယောက်ထည်းသမားတွေဆိုတာ အလှူကြီးကြီးမားမား ကိုယ့်ဘာသာလုပ်ဖို့က ခက်သား... ချက်ဖို့ ပြုတ်ဖို့... နေရာ... အိမ်ကလဲ တစ်အိမ်လုံးငှါးနေတာမျိုး မဟုတ်တော့ ပိုဆိုးတယ်...

ကိုယ်ကတောင် သူငယ်ချင်း သုံးယောက်လာစားကြသေးတယ်....
တစ်ယောက်က အရင်အတူနေတဲ့ အခန်းဖော်... နောက်နှစ်ယောက်ကတော့ အတော်ရင်းနှီးတဲ့ သူတွေပါ...
မနက်ထည်းကလာကူတဲ့ သူငယ်ချင်းပါ ပါရင် လေးယောက်...
သူတို့လဲ အပြန် အိုးတွေခွက်တွေ ဝိုင်းသယ်ပေးကြတာ.... ကျေးဇူးပါ...

ဘုန်းဘုန်းက တရားဟောတော့ မွေးနေ့လုပ်တယ်ဆိုတာ အဓိပါယ်ရှိတယ်တဲ့... မနုတသဘာဝေါ ဒုလ္လဘော... လူ့ဘဝဆိုတာ ရခဲတယ်တဲ့... ရခဲတဲ့ လူ့ဘဝကြီးမှာ ငါနေလာတာ ခုဆို နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုပြီး ကြွေးကြော်တာပေါ့တဲ့....နောက်ပြီး မိဘကိုလဲ ကျေးဇူးတင်ရတယ်ပေါ့...

ဝါဆို သင်္ကန်းဆိုတာကတော့ အထူးပြောစရာမလိုပါဘူး... အားလုံးသိပြီးတဲ့အတိုင်း ဝါဆို သင်္ကန်းကပ်တဲ့သူက အပါယ်မကျဘူးတဲ့...

ဒီနေ့ ပျော်တယ်... ကုသိုလ်လုပ်ရတဲ့အတွက်ရော...ပထမဆုံး ကိုယ့်ဘာသာလုပ်ဖြစ်တဲ့အလှူမို့လို့ရော...
မွေးနေ့လုပ်တယ်ဆိုတာ "ရခဲတဲ့ လူ့ဘဝကြီးမှာ ငါနေလာတာ ခုဆို နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုပြီး ကြွေးကြော်တာပေါ့ " လို့ သိလိုက်ရတဲ့အတွက်ရော...

ပါဠိ စာလုံးတွေတော့ စာလုံးပေါင်းမှားနေတယ်... မရိုက်တတ်တဲ့အတွက်ပေါ့...

အင်း.. အမှားကင်းအောင်တော့ စာရိုက်နည်းလဲ မေးထားရဦးမယ်...

ဧကရီ

Sunday, June 6, 2010

တနင်္လာ

နေမကောင်းဘူး ... MC ယူတယ်...

မနေနိုင်ဘူး email စစ်တယ်....လုပ်စရာတွေ အကြောင်းပြန်စရာတွေတွေ့တယ် ... တတောက်တောက်နဲ့ Keyboard ကို ခေါက်ပြီးလုပ်တယ်... ပြီးပြတ်ရမယ့်အလုပ်တွေ တစ်ရက်နောက်ကျသွားမှာ စိုးရိမ်နေတယ်... ရုံးခန်းမှာ သွားထိုင်မနေတာကလွဲပြီး တခြားဘာနှောင့်နှေးမှုတွေမှ ကိုယ့်ကြောင့် မဖြစ်စေချင်ဘူး... ဒါပေမယ့် ရုံးသွားတက်နေသလောက်တော့ effective ဖြစ်မှာမဟုတ်ဘူး...

အင်း.... မနက်ဖြန် လုပ်စရာတွေပိုများတော့မှာပဲ... ဖုန်း call တွေလွတ်ကုန်မလား...

ဘာဖြစ်လို့များ အလုပ်ကို သံယောဇဉ်ဖြတ်ပြီး မနေနိုင်တာလဲ... ကျွန်ဇာတာပါတယ်လို့ ပြောကြဦးမလား..

ဘာပဲဖြစ်ဖြစ် ခု စာရေးရင်းကို ခေါင်းကမူးလာသလိုပဲ....

စိတ်ဒုံးဒုံးချထားပြီး အိပ်တာပဲကောင်းပါတယ်... မဟုတ်ရင် ခွင့်တစ်ရက်ကုန်တာ အဖတ်တင်ပြီး နေလဲ မကောင်း အနားလဲမရ ဖြစ်တော့မယ်....။

မနက်ဖြန်ကို မနက်ဖြန်ကျမှ စာရင်းရှင်းတာ ကောင်းပါတယ်...။

ဧကရီ

Sunday, May 16, 2010

မိုးအိပ်မက်

ကောင်းကင်ပြင်သည် ပြာရာမှ ညို ၊ ညိုရာမှ မှိုင်း ၊ မှိုင်းရာမှ မှောင်လာသည်။

လေအဝေ့တွင် မိုးငွေ့တို့က ကလူသလို မြှူသလိုပြုလာကြသည်။

ခုနကပင် နေကျဲကျဲတောက်ပူပြင်း နေသေးသည်။ ဒီနိုင်ငံမှာ မိုးဆိုသည်မှာ အချိန်မရွေး ရွာနိုင်သောအရာတစ်ခု။
မိုးဥတုဟု တစ်ခု သတ်သတ်မှတ်မှတ်မရှိ။ အီကွေတာ ရာသီဥတု ပီပီ တစ်နေ့ထည်း နွေ ရော မိုးပါ ခံစားနိုင်သောနေရာ။ဆောင်းဥတုဆိုသည်တော့မရှိ။ မြူဆိုင်းသော မနက်ပိုင်းတို့ကို မပိုင်ဆိုင်။

တွေးနေတုန်းပင် မိုးစက်တွေခုန်ပေါက်ကျလာကြသည်။ တစ်ခဏအတွင်း ကတ္တရာလမ်းမကြီး၏ အနက်ရောင် က တစ်လက်လက်ထသွားသည်။ သစ်ပင်တွေ ယိမ်းနွဲ့ခုန်ပေါက် မိုးရေတွေသောက်သုံး ပျော်တစ်ပြုံးပြုံးဖြစ်နေကြသည်။ ပူလောင်အိုက်စပ်နေတာတွေ ကျောက်စက်ရေနဲ့ဖြန်းလိုက်သလို ငြိမ်းချမ်း အေးမြ သွားရသည်။

မိုးနဲ့အတူ လျှပ်စီးတွေကလည်း တစ်လက်လက် ၊ မိုးခြိမ်းသံတွေက တစ်ဂျိမ်းဂျိမ်း ၊ မိုးကြိုးတွေကလဲ ပစ်နေသေးသည်။ မိုးသည်းသည်းမှာ ကျောင်းတက်ခဲ့ရတဲ့ ငယ်ဘ၀တွေကို သတိရမိတော့သည်။

ယခု မေလလယ်။ ဇွန်လဆန်းဆို ကျောင်းတွေပြန်ဖွင့်တော့မည်။ လွယ်အိပ်လေးလွယ် ထီးလေးဆောင်း မိုးစက်တွေအောက်မှာ ကျောင်းတက်ရတော့မည်ဆိုတဲ့ အတွေးတွေနဲ့ ငယ်ငယ်က ပျော်ခဲ့ရဖူးသည်။ပျော်ခဲ့ကြဖူးသည်။

တစ်ခါတစ်လေ ကဆုန်လပြည့်က ရွာတဲ့မိုးက ဆက်သွားပြီး မိုးဦးကျ စောတဲ့ ရာသီတွေလည်း ရှိခဲ့ဖူးသည်။

ယခုတော့ ကဆုန်လပြည့်ကတောင် မိုးမရွာခဲ့ဟု ကြားရသည်။တစ်နေရာမရွာပေမယ့် တစ်နေရာတော့ရွာနေပေလိမ့်မည်ဟု ထင်ခဲ့သည်။

ကြားရသောသတင်းများအရ အခုထိပင် မိုးက တစ်ပေါက်မှမကျသေး။ ရေတွေလဲခမ်းခြောက်လို့ သောက်သုံးရေပင် အခက်တွေ့နေရပြီဟုဆိုသည်။ အဖွဲ့အစည်းများမှ တတ်နိုင်သမျှ လှူဒါန်းနေကြသည်များကိုလည်း ၀မ်းမြောက်ဖွယ်တွေ့နေရသလို ဒုက္ခခံစားနေရသူတို့အတွက်လည်း ၀မ်းနည်း ကိုယ်ချင်းစာမိသည်။

ကိုယ်ကိုယ်တိုင်လည်း မီးမလာ ရေပျက် အနေခက်လှသော နွေညများစွာကို ကြုံတွေ့ခဲ့ရဖူးသည်။ ဖြတ်သန်းခဲ့ရဖူးသည်။ မီးလာမလား ရေတင်ရမလား စောင့်စားရင်းအိပ်ပျက် မျက်တွင်းဟောက်ပက်ဖြစ်ရသော နွေများပင်။

မြန်မာပြည်ရဲ့ အဓိက လျှပ်စစ်အင်အားက ရေအားလျှပ်စစ်။ နွေဆိုလျှင် ရေနည်းသောကြောင့်ဖြစ်မည် မီးက အိမ်ရှိ လျှပ်စစ် မီးချောင်းများ ကျွမ်း မကျွမ်း လာစမ်းသည့် သဘောသာလာတတ်သည်။ ကန်ထရိုက်တိုက်မှာ နေသူမို့ ရေတင်ဖို့ဆိုတာလဲ မီးလာမှ လုပ်လို့ရသည့်အလုပ်တစ်လုပ်။ မီးလာတော့ လည်း ရေကမလာ။ ဒုက္ခတွေ ကြားမှာ ဗျာများရသည်မှာလည်း ဒါနွေရာသီဟဲ့ ဟု ကိုယ့်ကိုကိုယ် သက်သေပြသည်သည်ဟုပင် ထင်မိသည်။

ဒါကြောင့် နွေရောက်မည်ကို ကြောက်မိသည်။ မိုးရာသီဆိုလျှင် ဒီ ဒုက္ခများက အနည်းနှင့်အများတော့ သက်သာသေးသည်သာ။

ယခုလည်း ကိုယ်ကသာ အဝေးမှာမို့ ဒီအရာတွေမခံစားရပေမယ့် အပူဒဏ်ခံနေရရှာမယ့် အမေ နဲ့ အဖေကို သတိရသည်။ သူငယ်ချင်း မိတ်ဆွေတွေကို သတိရသည်။ သူတို့တွေကို အပူဒဏ်သက်သာစေချင်သည်။ မီးသာမှန်ရင် ပန်ကာတွေ ၊ လေအေးပေးစက်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း နေသာအောင် ပြုပြင်နိုင်ကြမည်။ ယခုတော့... ပူလျင်ပူသည့်အတိုင်း ယပ်တစ်ဖြတ်ဖြတ်ခတ် နေရုံမှ တစ်ပါး အခြားမရှိ။ ညဆို ပူလို့ အိပ်မှပျော်ကြပါ့မလား ။ ရေမှ လုံလောက်ပါ့မလား။ ဘုန်းကြီးကျောင်းဝင်းထဲက အ၀ီစိတွင်းမှာများ ရေသွားခပ်နေကြရမလား။ စဉ်းစားရင်း ရင်မောလာမိသည်။

မိုးတစ်ဖြိုက် နှစ်ဖြိုက်ဖြစ်ဖြစ်ရွာစေချင်ပါသည်။ မိုးများရင်လဲ လမ်းတွေရေမတင် အေးအေးဆေးဆေး သွားလာလို့ရစေချင်ပါသည်။

အရာရာ တိုးတက် အဆင်ပြေသော အဝေးမြေမှာနေဖို့ထက် ကိုယ့်မြေကို တိုးတက် အဆင်ပြေစေချင်သည်။

ဒါတွေက စိတ်ကူးယဉ်တာလဲ ဖြစ်ချင်ဖြစ်မည်။ ဒါပေမယ့် စိတ်ကူးမှ မယဉ်ရင် ပိုဆိုးမည်ထင်သည်။

သူလည်း ဘာမှ မလုပ်နိုင်ပဲနဲ့ဟု အပြစ်တင်သူတွေလည်း ရှိမည်။မည်သို့ဆိုစေ ကိုယ့်တွင် စိတ်ကူးယဉ်ခွင့်ရှိသည်။ မည်မျှကြီးကျယ်သောအလုပ်ဖြစ်စေ စိတ်ကူးယဉ်မှုက စသည်ဟု ယုံကြည်သည်။
စိတ်ကူးတို့သည် တစ်နေ့တွင် အကောင်အထည်ပေါ်စမြဲဖြစ်သည်။ စိတ်မျှမကူးလျှင်မူ ဘာမျှဖြစ်လာမည်မထင်။

ယခုဒီမှာတော့ မိုးကရွာနေဆဲပင်။ တစ်ဖွဲဖွဲကျလိုက် သည်းလာလိုက်။ လျှပ်စီးလက်လိုက် မိုးခြိမ်းလိုက်။

ဧကရီ

Friday, May 7, 2010

မျော်လင့်ချက်

မပြိုချင်ပေမယ့်
လေလွင့်ရလေတဲ့တိမ်အသွင်နှယ်

မလှမ်းချင်ပေမယ့်
သွားနေရတဲ့ခြေအစုံရယ်

မကုန်ချင်ပေမယ့်
ပြန်မရတော့တဲ့အချိန်တွေရယ်

မတွေးချင်ပေမယ့်
ပြေးမြင်နေတဲ့ပုံရိပ်တွေရယ်

ပြုံးပြခဲ့ပေမယ့်
အရှုံးများနဲ့မဲ့နေတဲ့ နှုတ်ခမ်းတစ်စုံရယ်

မလွမ်းချင်ပေမယ့်
တမ်းတချင်နေတဲ့ရင်ခွင်ရယ်

မငိုချင်ပေမယ့်
စိုချင်နေတဲ့မျက်ဝန်းရယ်

မခုန်ချင်ပေမယ့်
တုန်ရင်နေတဲ့ နှလုံးသားရယ်

မဖြစ်နိုင်ပေမယ့်
အချစ်ကိုတိုင်တည်

လေပြေတစ်ဝှေ့မှာ မိုးငွေ့တွေပြန်လာမယ်လို့ ယုံချင်တယ်...။

ဧကရီ

နာရီ

အရေးကြီးတာဘာလဲ
ပိုအရေးကြီးတာကဘာလဲ
အရေးအကြီးဆုံးကဘာလဲ
သေချာခွဲခြား အချိန်ကိုလေးစား

ကြိုးစားတိုင်းအရာကမထင်
အချိန်လဲခွဲရခက် ဇယားလဲတစ်ဝက်တစ်ပျက်
၂၄ နာရီတစ်ရက်
စက္ကန့် ၆၀ တစ်မိနစ်
တစ်နှစ်ကို ၃၆၅
ဘာလို့များမလောက်လဲတွေး
တရေးရေး အချိန်တွေကုန်
နေကုန်လို့မိုးချုပ်
အရုပ်လိုငါ့နေ့တွေထဲ
တစ်ရက်ထည်း ၂၅ နာရီ
တစ်နာရီ ပိုရချင်တယ်
အိပ်ရေးမ၀တာ များနေပြီ။

ဧကရီ

Wednesday, May 5, 2010

Warren Buffett ရဲ့အတွေး နဲ့ ခံယူချက်များ


"I always knew I was going to be rich. I don't think I ever doubted it for a minute" - Warren Buffett
























Forward mail ရတာလေးကို နှစ်သက်သဖြင့် ပြန်လည်ဝေမျှပါသည်။။။

ဧကရီ

Saturday, April 3, 2010

ဆိုရင်


ငါဆိုတာ
ဘ၀ကို ခပ်ပါးပါးဖြတ်သန်း
လေကိုဒါန်းစီးချင်တဲ့သူ

နင်ဆိုတာ
ကမ္ဘာကိုလေ့လာ
စကြာဝဠာအစကိုတောင်မှ သိချင်တဲ့သူ

အင်တာနေရှင်နယ် ဘာညာသာရကာအစည်းအရုံး
ငါမကြားဘူးတဲ့စကားလုံးတွေနဲ့ကြိမ်းဝါး
မျက်တွင်းဟောက်ပက်ကျအောင် ခြောက်ခြားမိပါရဲ့

ကမ္ဘာ့စာရင်းမှာမှ
မှတ်တမ်းတင်ချင်တဲ့ နင့်ဆန္ဒ
ငါလေးစားလှပါတယ်

ဒါပေမယ့် သူငယ်ချင်း
စာအုပ်တွေ ထောင်ကျော်ဖတ်
အင်တာနက်ကို ဂူဂယ်ခေါက်
ဟော့ကင်းကို အသော့နင်း
ဘစ်ဘမ်းကို သေချာမှန်း
ဘလက်ဟိုးကို တစ်ချက်တိုးမှ
စကြာဝဠာရဲ့အစကိုသိရမယ်ဆိုရင်...
နေကမ္ဘာရဲ့သက်တမ်းကို မှတ်တမ်းပြုရမယ်ဆိုရင်...
နင်ပြောတဲ့ ဟိုအစည်းအရုံးမှာ လူလုံးပြခွင့်ရမယ်ဆိုရင်...
နေပါစေတော့ကွယ်
စကြာဝဠာရဲ့အဆုံးမှာ
အရှုံးတွေနဲ့ လူမဖြစ်ရဖို့ကို
ငါပိုပြီး စိတ်ဝင်စားပါတယ်...။


ဧကရီ
(၄.၄.၂၀၁၀)

Friday, April 2, 2010

ရည်ရွယ်ချက်

Blue Print ကိုရေး ရှေ့ရေးကိုမျှော်ကာတွေး

တွေးရုံသာတွေးရေးရုံသာရေး

မျှော်ငေးလို့အကောင်အထည်မပေါ်

လေထဲမှာတိုက်အိမ်ဆောက်

ဘယ်ရောက်သွားပါလိမ့် တိမ်တစ်စ

နွေရောက်မှ ရေထရှာ

ဘ၀ဆိုတာ ဘယ်လိုပါလိမ့်

ပြန်အိပ်ဦးမှပါလေ....။


ဧကရီ
(03.04.2010)

Monday, March 29, 2010

(အမှန်ခြစ်)



ရှင်သန်ခြင်းတွေမှာ ရွေးချယ်ခွင့်ဆိုတာရှိစမြဲပါ


အိပ်မက်ကိုလည်း မျှော်လင့်နိုင်ပါတယ်

ကမ္ဘာကြီးလုံးတာကိုလည်း ငြင်းဆိုနိုင်ပါတယ်

ကံကောင်းခြင်းတွေကို ငါလည်းပိုင်ဆိုင်ခွင့်ရှိပါတယ်

ငါကဘဲ စည်းခြားတစ်ဖက် ရောက်နေခဲ့လို့လား

ခပ်နွမ်းနွမ်းစာရွက်ပေါ်က
ဝိုင်းစက်စက်လက်ရေးတွေလည်း မှေးမှိန်နေပြီပေါ့

ကျောခိုင်းရက်နဲ့ရှေ့ကိုမျှော်တတ်တဲ့ ကျိန်စာသင့်နေ့ရက်များမှာ

ခါးသည်းသည်း တွေ့ကြုံကို

ခပ်ခါးခါး ကော်ဖီတစ်ခွက်လို
နှစ်သက်စွာ သောက်သုံးခဲ့တာလဲ

ရှင်သန်ခြင်းအတွက် ရွေးချယ်မှုတစ်ခုပါပဲ...။

ဧကရီ
29.03.2010

Sunday, March 28, 2010

12 Choices _ 12 Questions

The Character Choices

1. The no-victim choice - don't let your pass eat your future.
Do I accept total responsibility for my success ?
2. The commitment choice - be passionate enough to succeed.
Am I committed to paying the price of success ?
3. The values choice - choose the right enemies.
Do I accept that there will be enemies who oppose my values ?
4. The integrity choice - do the right thing.
Will my success be accomplished without a sacrifice of my integrity ?

The Action Choices
5.The do-something choice - don't vacation on Someday Isle.
Will I attack complacency and do something daily toward success?
6. The persistence choice - learn from failure.
Will I hang in there, beyond failure,long enough to achieve success?
7. The attitude choice - take the enthusiastic approach.
Will I take a positive approach to the unexpected twists and turns of life ?
8. The adversity choice - conquer difficult times.
Will I attack adversity , regardless of what happens along the way ?

The Investment Choices
9. The relationship choice - connect with success.
Will I invest time in building positive relationships ?
10. The criticism choice - embrace tough learning.
Do I accept criticism as valuable feedback ?
11. The reality choice - face the truth.
Am I true to myself and all those around me ?
12. The legacy choice - give your gift.
Do I share the gift of my experience and knowledge with others ?

From the book of "Monday Morning Choices" by David Cottrell.

ဧကရီ

Saturday, March 27, 2010

သစ္စာ

ချစ်တယ် တစ်သက်စာ
တကယ်ပါ ရည်ရွယ်ညွှန်း
ရှင်ဖုန်းကို ရင်မှာပွေ့
နွေးဖို့စေညွှန်း

လွမ်းတယ် တကယ်ပါ
တစ်နာရီ တစ်ခါမတွေ့ရင်ဖြင့်
နွေကန္တာ ရေရှာမတွေ့သလို
ရင်တွင်းခွေနွမ်း

ရည်ရွယ်တယ် တစ်သက်လုံး
ရှင်ဖုန်းကို စိတ်မနွမ်း
စိတ်ချမ်းသာစေရန်မှန်း
နူးညံ့အနမ်း


ဘယ်လိုပင် ကိုယ်ချစ်သော်ငြား
ကိုယ့်သစ္စာ သူမှာတန်ဖိုးမထား
ရင်ညှာကို ခြေကန်ကာဖြင့်
ရက်စက်နိုင်အား

လွမ်းသော်လည်း ဖြေပြေရာ
ကိုယ်ဘယ်မှာ ရှာမတွေ့ဟာမို့
နွေနေ့တွေ ကုန်စေတော့ရယ်လို့
ရက်စွဲကိုငေး

ရေနစ်သူ ၀ါးကူထိုးသလိုပ
ကိုယ်တွေ့တာ ပိုကာဆိုးပါတော့
သင်္ကြန်တောင် တန်ခူးမှာမကျ
အတာတောင် ကဆုန်ကိုရောက်
သစ္စာတွေပျောက်....။

ဧကရီ

Sunday, February 14, 2010

Valentine Wish...

ဝေးနေသူတွေ
နီးရက်နဲ့ဆုံခွင့်မရသူတွေ
ကိုယ့်အပြင် ချစ်ခြင်သူရှိနေမှန်း သိရလို့ မချိတင်ကဲ ၀မ်းနည်းနေရသူတွေ
တစ်ဖက်သတ်အချစ်မို့ ဆိုးပါသည်လို့ ညည်းတွားနေသူတွေ
ချစ်ပေမယ့် လက်မထပ်နိုင်ပါဆိုလို့ ငိုဖို့တောင်အားမရှိတော့တဲ့သူတွေ
ခံစားချက်ခြင်းမတိုက်ဆိုင်တော့ဘူးလို့ ပြောလိုက်လို့ ရင်ဆို့အောင်ခံစားရသူတွေ
ခုထိအချစ်ကို မခံစားဖူးသေးသူတွေ
အချစ်ဆိုရင်ကြောက်ပါပြီလို့ အသည်းကွဲဖူးတဲ့သူတွေ
အသည်းကွဲတာလဲ အရသာပဲရယ်လို့ အသည်းကွဲတာကိုမှ ကြိုက်လှပါတယ် ဆိုတဲ့သူတွေ
အားလုံးပဲ အချစ်စစ်နဲ့တွေ့ခွင့်ရကြပါစေလို့ Valentine Day မှာ အမှတ်တရဆုတောင်းလိုက်ပါတယ်....

Saturday, February 13, 2010

ဖီလင်

အဖျော်ယမကာလေး တစ်ခွက်နဲ့ အသည်းဟက်တက်သမား
မာယာရှင်ချစ်ချစ်ကလေးက အရက်စက်ဆုံးသက်ထား....


ကမ္ဘာဟာ သူ့အချိန်အတိုင်းသူ လည်ပတ်ဦးမှာပါ
ဆောင်းတွေ မိုးတွေမလွတ်တမ်း ရောက်လာနေကြ
.............................................................................
ကိုယ်စီအသက်ရှင်ရမယ် မပျော်လဲ တို့ဘ၀တွေမှာ တစ်နေ့တာဝတ္တရားများ......

ခုတလော ဖီလင်ဝင်နေတဲ့ သီချင်းတွေပါ...။

တကယ်တော့ စိုးပိုင်ရဲ့ ဒီလူသာအချစ်တတ်ဆုံး သီချင်းက ငယ်ငယ်ထည်းက ဖေဖေ့ဆိုသံကြောင့် ကြိုက်နေပြီးတဲ့ သီချင်း... ခုတလောမှ burmeseclassic ကနေ စိုးပိုင်ရဲ့ သီချင်းတွေနားထောင်မိတော့ နားထဲစွဲပြီးသားသီချင်းမို့ ကြိုက်လို့ထပ်ထပ်နားထောင်ဖြစ်နေတာပါ ....အဲ့သီချင်းကို ဆိုတတ်တဲ့ ဖေဖေ့အသံကိုလည်း ကြားယောင်မိသလိုပါပဲ....အိမ်မှာဆို ဖေဖေက သီချင်းတွေဆိုတတ်တယ်.... သူတို့ခေတ်က သီချင်းတွေပေါ့ စိုးပိုင်တို့ မင်းမင်းလတ်တို့သီချင်းတွေဆို ဖေဖေက ပိုင်မှပိုင်... မင်းမင်းလတ်သီချင်းတွေဆို ဇော်ဝင်းထွတ်တို့ပြန်မဆိုခင်ထည်းက ကိုယ်က နားထဲစွဲနေပြီးသား... အဲ့ဒီခေတ်တုန်းက ခုလို ကာရာအိုကေတွေဘာတွေရှိနေတာမဟုတ်ဘူးနော်...ဒီတိုင်းကိုဆိုနေတာ....အဲ့လို... ၀ါသနာ ၀ါသနာ...။

အိမ်မှာဆို....ကိုယ်စိတ်ညစ်လို့ပဲဖြစ်ဖြစ် စိတ်မကြည်လို့ပဲဖြစ်ဖြစ်... စိတ်ရှုပ်စရာတွေရှိလို့ပဲဖြစ်ဖြစ် ဖေဖေနဲ့ဝါးရံတာမှာထိုင်ပြီး သီချင်းတွေဆိုရရင် သက်သာသွားတာပဲ....တကယ်တော့ ဖေဖေပဲဆိုတာပါ... ကိုယ်က သီချင်းဆိုလို့ ကမ္ဘာမကြေတောင်ဖြောင့်အောင်ဆိုတတ်တာမဟုတ်ဘူး....။

ကာရာအိုကေဆိုလည်း ဒီလိုပဲ..... ကိုယ်ဆိုတတ်တဲ့သီချင်းဆိုလဲ ရှားပါ့... မရှိဘူးလို့တောင်ပြောလို့ရပါတယ်.... ကိုယ်က သီချင်းဆိုကြိုက်ပေမယ့်...သီချင်းပိတ်လိုက်ရင် မေ့သွားတတ်တယ်...သူများတွေလို သီချင်းလေးညည်း ... တိုက်ဆိုင်တာလေးရှိရင် သီချင်းစာသားလေးဆိုပြ လုပ်ချင်ပေမယ့် ကိုယ့်မှတ်ဥာဏ်က ဒီဘက်မှာတော့ ညံ့လှပါတယ်... သီချင်းလဲပိတ် အားလုံးလည်းမေ့ဖြစ်သွားတော့တာပါပဲ... သီချင်းတွေကိုတော့ တကယ့်ကိုကြိုက်တာပါ... ဒါကြောင့်မို့ တစ်ခါတစ်လေ သီချင်းလေးတစ်ကြောင်းလောက်ဆိုရင်ကို မေမေက အမယ် သမီးလေး သီချင်းတွေဘာတွေဆိုလို့ပါလား လို့ ပြောတတ်ပါတယ်... သူ့သမီး သီချင်းမဆိုတတ်တာ သိလို့ပါ... နောက်ပြီး ဆိုရင်လည်း လုံးဝမကောင်းပါဘူး ... အသံက အနိမ့် အမြင့် အတက်အကျ မရှိပဲ တပြေးထည်း ဖြစ်နေလို့လေ... စကားပြောလည်း ဒီတိုင်းပါပဲ .... အသံက အဲ့လိုပါ... ဒီလောက်ဆို ကိုယ်ဘယ်လောက်တော်လည်း သိလောက်ပါပြီ....

ဆောင်းဦးလှိုင်သီချင်းဆိုလဲ ဒီလိုပဲ ... ဖေဖေက ဆောင်းဦးလှိုင်သီချင်းတွေကြိုက်ပါတယ် ... မင်းရဲ့သူရဲကောင်းအခွေထွက်တုန်းကဆို ဖေဖေကပဲဝယ်ခိုင်းလို့ ၀ယ်ဖြစ်ခဲ့တာပါ.... တကယ်တော့ကိုယ်က တသက်လုံး ဖေဖေ မေမေ တို့ နောက်က အသာမျှောလိုက်ခဲ့တဲ့သူပါ... ကိုယ်ဘာလိုချင်တာ ဘာဖြစ်ချင်တာဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့ထက် မေမေတို့ခင်းပြီးသားလမ်းကိုပဲ အသင့်လျှောက်ခဲ့တာပါ.. သီချင်းဆိုတာ ဥပမာတစ်ခုပေါ့... တခြားဟာတွေလည်းဒီလိုပါပဲ... ဘာမှ ကိုယ့်ဘာသာ အားထုတ်ကြိုးစား ဆုံးဖြတ်ခဲ့တယ်လို့မရှိခဲ့ပါဘူး.... အဲ့ဒီတော့ တခြားလူတွေကို ဆွဲဆောင်စည်းရုံးဖို့ထက် သူများရဲ့လွှမ်းမိုးမှုကို အလွယ်တကူခံရတဲ့သူတစ်ယောက်ဖြစ်လာတော့တာပဲ...။

သူငယ်ချင်းတွေကတော့ပြောတယ် နင်က အပြောကောင်း attraction ရှိ ဘာမဆိုအဖြစ်ရှိတဲ့သူတဲ့...။
ဒါကသူတို့အမြင်...ကိုယ့်ကိုကိုယ်ထင်တာကတော့ ခပ်ပျော့ပျော့ အားလျော့လျော့ ကောင်မလေး...။
ကြောက်တတ်သူမို့ ရဲချင်ယောင်ဆောင်ခဲ့မိတာလား...။အတွေးတွေကိုက ခပ်ဝါးဝါးပါ...။

စာတွေဆို အလွတ်ကျက်ပြီးဖြေတတ်ခဲ့တဲ့သူမို့လားမသိ လမ်းကြောင်းတွေထွင် အမြင်တွေဆန်းသစ် စိတ်ကူးတွေလည်း မကွန့်မြူးဖြစ်ခဲ့တဲ့သူလေ...။ တစ်ခါတစ်လေတော့လည်း စာမေးပွဲတွေမှာ အဆင့်မြင့်မြင့်ရတာ လက်တွေ့ဘ၀နဲ့ တိုက်ရိုက်တော့လည်း အချိုးမကျလှပါဘူး..။

ဘ၀မှာ အရေးကြီးတာတွေတွေ့တာတဲ့အခါ... တကယ်ကို ကြိုးစားပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိုင်နိုင်အောင် ရင်ဆိုင်ရမှာတွေကြုံလာတဲ့အခါ... စာတွေအလွတ်ကျက်သလို ပုံသေတွေပဲ တွေးတတ်တဲ့သူထက် လွတ်လပ်ပေါ့ပါး ဥာဏ်ကစားတတ်တဲ့သူက သာတာပါပဲ...။ စကားပြိုင်ပြောတယ်ပဲထားပါဦး စာအုပ်ထဲကစကားတွေကုန်ရင် ဘာပြန်ပြောရမှန်းမသိဖြစ်နေတဲ့သူထက် ပင်ကိုယ်ဦးနှောက်သုံးတတ်တဲ့သူက တော်တာပါ...။ ကျက်ထားတဲ့စာကုန်ရင် ဆက်ဖြေစရာမရှိတော့တဲ့ စာမေးပွဲတစ်ခုလို သိပြီးသား ပုံသေနည်း တွေကုန်ရင် formula အသစ်ထပ်မထုတ်တတ်တဲ့ကိုယ့်အတွက် လက်လွှတ်လိုက်ရတဲ့ အရာတွေရှိတယ်ဆိုရင် မထူးဆန်းတဲ့ ဇတ်လမ်းတွေပါပဲ...။ အဲ့ဒီတော့လည်း....

ဝီစကီဆို ၀မ်းပက် တူးပက် သရီးပက်လောက်ချထား
ဘရန်ဒီဆို ပိုက်လောက်သွင်းမှ အသည်းတွင်းနွေးကာသွား...

အော်...ကဲ... လွမ်းတာတောင်မှပဲ မိန်းကလေးသီချင်းနဲ့ မလွမ်းတတ်ပါလားနော်...။


ဧကရီ