Sunday, February 14, 2010

Valentine Wish...

ဝေးနေသူတွေ
နီးရက်နဲ့ဆုံခွင့်မရသူတွေ
ကိုယ့်အပြင် ချစ်ခြင်သူရှိနေမှန်း သိရလို့ မချိတင်ကဲ ၀မ်းနည်းနေရသူတွေ
တစ်ဖက်သတ်အချစ်မို့ ဆိုးပါသည်လို့ ညည်းတွားနေသူတွေ
ချစ်ပေမယ့် လက်မထပ်နိုင်ပါဆိုလို့ ငိုဖို့တောင်အားမရှိတော့တဲ့သူတွေ
ခံစားချက်ခြင်းမတိုက်ဆိုင်တော့ဘူးလို့ ပြောလိုက်လို့ ရင်ဆို့အောင်ခံစားရသူတွေ
ခုထိအချစ်ကို မခံစားဖူးသေးသူတွေ
အချစ်ဆိုရင်ကြောက်ပါပြီလို့ အသည်းကွဲဖူးတဲ့သူတွေ
အသည်းကွဲတာလဲ အရသာပဲရယ်လို့ အသည်းကွဲတာကိုမှ ကြိုက်လှပါတယ် ဆိုတဲ့သူတွေ
အားလုံးပဲ အချစ်စစ်နဲ့တွေ့ခွင့်ရကြပါစေလို့ Valentine Day မှာ အမှတ်တရဆုတောင်းလိုက်ပါတယ်....

No comments:

Post a Comment