Sunday, March 25, 2012

ဇရာကို ဖြေးဖြေးလေးသွားမယ်

ရုရှား ဆိုက်ဘေးရီးယန်း Krasnoyarsk မြို့က beauty salon တစ်ခုမှာ facial massage ကို အာဖရိက ပက်ကျိတစ်မျိုးကို အသုံးပြုပြီး ဝန်ဆောင်မှုပေးနေပါတယ်

ဆိုင်ပိုင်ရှင်ကတော့ ပက်ကျိတွေကိုအသုံးပြုခြင်းအားဖြင့် မျက်နှာအသားအရေ နုပျိုမှု လန်းဆန်းမှုကိုဖြစ်စေတယ် ။ ပါးရေတွန့်မှုကိုကာကွယ်မှု ၊ အမာရွတ် နဲ့ နေလောင်ကွက်တွေကို အလျင်အမြန်ပျောက်ကင်းစေတယ်လို့ယုံကြည်ကြကြောင်းပြောပါတယ်။

တကယ်တော့ အသည်းယားစရာပါ မျက်နှာပေါ် ပက်ကျိတွေတင်ပြီး လုပ်မှာ... တွေးရင်းတောင်ကျောချမ်းလာတယ်...။ ကဲ ... စိတ်ဝင်စားသူတွေစမ်းကြည့်ရအောင် ပုံအချိ့ အင်တာနက်ကနေရှာပြီးတင်ပေးလိုက်ပါတယ်။

ဧကရီ
၂၅.၀၃.၂၀၁၂

မူရင်း : Strait Times , Saturday , 24.03.2012

Tuesday, March 20, 2012

ရှီရှား

ရှီရှား(Shisha)တဲ့ ... ဒီစကားလုံးကိုစကြားဖူးတာ Facebook က Lifebox ဆိုတဲ့ application တစ်ခုကို လက်ဆော့ရင်းနဲ့ စသိခဲ့တာလို့ပြောရမှာပဲ... Lifebox ဖွင့်တော့.. Shisha ကိုတွေ့သတဲ့... ဘာပါလိမ့်ပေါ့...
မီးခွက်ကိုပိုက်တပ်ထားသလိုလိုဘာလိုလိုနဲ့လို့... နောက်တော့ အတူနေတဲ့အခန်းဖော်ကိုမေးကြည့်တော့ အဲ့ဒါ ဆေးလိပ်သောက်သလိုပဲ သောက်ရတဲ့ဟာတစ်မျိုးတဲ့ ( အော်.. ဆေးရှူတာပေါ့လို့ ခပ်ပိန်းပိန်းအတွေးပေါက်လိုက်တယ်).. Shisha က club တွေမှာ .. ဒါမှမဟုတ် ညဘက် လူငယ်တွေဘီယာဆိုင်ထိုင်ရင်း ဝိုင်းဖွဲ့သောက်တတ်တဲ့ အရာတစ်ခု...
သူက ဖန်ခွက်အောက်ခြေရှိတဲ့ ပြွန်ရှည်ရှည်လိုမျိုး.. ရေထည့်ထားတဲ့ အခန်းလေးတစ်ခုပါတယ်... အပေါ်ဆုံးကပြွန်ရှည်ပေါ်က ကလပ်လိုပေါ်မှာ လီမွန်၊လိမ္မော်၊ဖရဲသီး အနံ့မွှေးတဲ့ဆေးရွက်ကြီးကို ခဲပတ်လေးနဲ့တင်ပြီး မီးသွေးခဲနဲ့ မီးမြှိုက်တာပဲ... မီးခိုးငွေ့တွေက ရေကိုဖြတ်ပြီးထွက်လာတာကို တပ်ထားတဲ့ ပိုက်ကနေ နှုတ်ခမ်းနဲ့စုပ်သောက်ရတာမျိုး...



အဲ့ဒီ ရှီရှားကို Clark Quay က Club တွေရှိတဲ့ လမ်းက စားသောက်ဆိုင်တွေမှာ လူငယ်တွေဝိုင်းဖွဲ့သောက်နေကြတာကိုမြင်ဖူးတယ်....
စီးကရက်တစ်လိပ်ကို လက်ပြောင်းသောက်နေကြတာနဲ့ ခံစားချက်ချင်းတူမယ်ထင်တယ်...လူငယ်ဆိုတာ ဝိုင်းဖွဲ့လုပ်ရတာ...အဖွဲ့နဲ့လုပ်ရတာ...အဖော်အပေါင်းနဲ့ပျော်ရတာကို နှစ်သက်ကြတာမျိုးမဟုတ်လား...


ဒါပေမယ့် အဲ့ဒီ Shisha က တစ်ကရားစာ တစ်ခါ ရှူရင် စီးကရက် အလိပ် ၂၀၀ သောက်တာနဲ့တူတယ်လို့ Yahoo သီတင်းတစ်ပုဒ်မှာဒီနေ့တွေ့လိုက်တယ်...

ကိုယ်အနေနဲ့တောင် ဆွဲဆောင်မှုရှိတဲ့ Shisha ကရားလေးရဲ့ပုံစံကို ဘာမှန်းညာမှန်းမသိ ကြိုက်မိသေးတယ်
အပျော်ကြိုက်တဲ့ လူငယ်တွေအတွက်ဆိုရင် ဘယ်ဆိုဖွယ်ရှိပါ့မလဲ... တချို့ကလဲ တို့က Shisha မကြိုက်ပါဘူး...အရက်ပဲသောက်ချင်တာလို့များ ပြောကြဦးမလား.. ဘာပဲဖြစ်ဖြစ် တစ်ခုမှတော့ ကောင်းတဲ့ထဲ မပါဘူးနော်...

စင်ကာပူက စီးကရက်ဘူးတွေပေါ်မှာ dangerous sign တွေပါပေမယ့် Shisha ကရားတွေပေါ်မှာတော့ ခုထိ Dangerous sign တွေ မတွေ့ရသေးပါဘူး...

Shisha ကို အမြဲစွဲသုံးနေရင် အဆုတ် ၊ ပါးစပ် ၊ အစာရေမြိုနဲ့ အစာအိမ်ကင်ဆာတွေဖြစ်လာနိုင်ပါတယ်... အဲ့ဒါတွေအပြင် အဆုတ်လေပြွန်ပျက်စီးမှု၊ နှလုံးရောဂါနဲ့ မျိုးပွါးနိုင်မှု လျော့နည်းကျဆင်းခြင်းတွေအထိ ဖြစ်နိုင်ပါတယ်....။

တချို့ကလဲ Shisha ကို စွဲသုံးခြင်းနဲ့ပတ်သက်ပြီး တိကျတဲ့လေ့လာစမ်းစစ်မှုတွေ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်...သူတို့ကပဲ Shisha က ပုံမှန်စီးကရက်တွေမှာပါဝင်တဲ့ Chemical တွေထက်  ၃၀% လျော့နည်းပါဝင်ပါတယ်လို့လဲ ဆိုကြပြန်ပါတယ်...(အဆိပ်ပင်ရေလောင်းဆိုတာ ဒါမျိုးထင်ပါတယ်)

ဘယ်လိုပဲ မတူကွဲပြားတဲ့ အမြင်တွေရှိပေမယ့်လည်း Shisha ကိုအမြဲစွဲသုံးတာဟာ ကောင်းတဲ့ အလေ့အထတစ်ခု မဟုတ်ဘူးဆိုတာကိုတော့ သတိပြုရမှာမလွဲပါဘူး...

ကိုယ်တို့ကတော့မသောက်ပါဘူး.. သူငယ်ချင်းတွေပဲသောက်ကြတာဆိုပြီး ဆင်ခြေပေးမယ့်သူတွေအနေနဲ့လည်း တဝိုင်းထည်းထိုင်နေမှတော့ တဆင့်ခံ ဆေးလိပ်သောက်သူ ( မီးခိုးငွေ့ရှူမိသူ)  ဖြစ်နေပါပြီ...
Second-hand smoke လို့ခေါ်တဲ့ အငွေ့ရှူသူတွေအနေနဲ့လည်း ထိပ်ခပ်နာ ၊ ရင်ကြပ် ၊ ချောင်းဆိုး ၊ လည်ပင်းနာ နဲ့ နှလုံးရောဂါတွေအထိ ခံစားရနိုင်ပါတယ်...

ဒါကြောင့် ကိုယ်ကိုယ်တိုင်က Shisha မသောက်ဘူးဆိုရင်လဲ သောက်ကြသူတွေနဲ့ ဝေးဝေးရှောင်သင့်ပြီး
ကိုယ်က Shisha သောက်နေတယ်ဆိုရင်လဲ ဖြတ်ဖို့ သင့်ပါပြီ...

စိတ်ဆိုတာလဲ မကောင်းမှုမှာပဲ မွေ့လျော်တတ်တာ... တစ်ခါ.. အပေါင်းအသင်းကလဲ မကောင်းတာလေးတွေ အားပေးတတ်တာမျိုးဆိုရင်တော့ ကိုယ်ကျိုးနည်းရတော့မှာ မဝေးပါဘူး...

ဒါကြောင့် ကိုယ့်ကိုကိုယ်လဲ ကောင်းအောင်ကြိုးစားဖို့ ၊ အပေါင်းအသင်းကောင်းတွေနဲ့လဲ ပေါင်းသင်းဖို့ ၊ ကိုယ်ကိုယ်တိုင်ကလဲ သူများအတွက် အပေါင်းအသင်းကောင်းဖြစ်အောင်ကြိုးစားဖို့သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်...။


မှီငြမ်း - http://sg.news.yahoo.com/blogs/fit-to-post-health/shisha-200-times-more-harmful-cigarettes-011214094.html#more-id

ဧကရီ
(၂၀.၀၃.၂၀၁၂)