Saturday, March 27, 2010

သစ္စာ

ချစ်တယ် တစ်သက်စာ
တကယ်ပါ ရည်ရွယ်ညွှန်း
ရှင်ဖုန်းကို ရင်မှာပွေ့
နွေးဖို့စေညွှန်း

လွမ်းတယ် တကယ်ပါ
တစ်နာရီ တစ်ခါမတွေ့ရင်ဖြင့်
နွေကန္တာ ရေရှာမတွေ့သလို
ရင်တွင်းခွေနွမ်း

ရည်ရွယ်တယ် တစ်သက်လုံး
ရှင်ဖုန်းကို စိတ်မနွမ်း
စိတ်ချမ်းသာစေရန်မှန်း
နူးညံ့အနမ်း


ဘယ်လိုပင် ကိုယ်ချစ်သော်ငြား
ကိုယ့်သစ္စာ သူမှာတန်ဖိုးမထား
ရင်ညှာကို ခြေကန်ကာဖြင့်
ရက်စက်နိုင်အား

လွမ်းသော်လည်း ဖြေပြေရာ
ကိုယ်ဘယ်မှာ ရှာမတွေ့ဟာမို့
နွေနေ့တွေ ကုန်စေတော့ရယ်လို့
ရက်စွဲကိုငေး

ရေနစ်သူ ၀ါးကူထိုးသလိုပ
ကိုယ်တွေ့တာ ပိုကာဆိုးပါတော့
သင်္ကြန်တောင် တန်ခူးမှာမကျ
အတာတောင် ကဆုန်ကိုရောက်
သစ္စာတွေပျောက်....။

ဧကရီ

1 comment:

  1. မိုက်တယ်ကွ.
    “ရေနစ်သူ ၀ါးကူထိုးသလိုပ
    ကိုယ်တွေ့တာ ပိုကာဆိုးပါတော့
    သင်္ကြန်တောင် တန်ခူးမှာမကျ
    အတာတောင် ကဆုန်ကိုရောက်
    သစ္စာတွေပျောက်....။” အဲဒီအပိုက်ကို ပိုကြိုက်တယ်။

    ReplyDelete