Sunday, October 17, 2010

... ဓမ္မစကြာ ...

တနင်္ဂနွေ..

ပြီးခဲ့တဲ့တစ်ပတ်တုန်းက ရုံးသွားတက်ရတယ် တနင်္ဂနွေနေ့ကြီးကို...

 ဒါနဲ့တစ်ပတ်လုံးမနားလိုက်ရဘူး...

ဒီတစ်ပတ်တော့ နားရတယ်ဆိုပြီး အိပ်လိုက်တာ ၁၁ နာရီမှ နိုးတယ် (ဟီးးး)..... ကာလနဂါးနဲ့ အမျိုးတော်တယ်ဆိုတော့လေ...

ပြီးတော့ ဟိုလုပ်ဒီလုပ်... အင်တာနက်ဖွင့်... ဟိုကြည့်ဒီကြည့်...

ညနေကျတော့ ဒီနေ့ ကုသိုလ်ရရာ ရကြောင်းလေး လုပ်ဦးမှပါ ဆိုပြီး  ဘုန်းကြီးကျောင်းသွား ဓမ္မစကြာရွတ်... အလှူငွေထည့်... မုန့်ဟင်းငါးစား... သစ်သီးစား...ရေသောက်ပြီး ပြန်လာခဲ့တယ်...


ဒီနေ့ ပညာရော ဥစ္စာပါ မရရင်တောင် ကုသိုလ်တော့ ရခဲ့ပြီလို့ ထင်တယ်...

တကယ်တော့ ညောင်ကန်အေးကျောင်းတိုက် ( Yishun ) မှာ စနေညတိုင်း ၈ နာရီဆို တရားပွဲရှိတယ် ပြီးရင် တရားထိုင် ည ၁၀ နာရီမှပြီးတယ်...မပျက်မကွက်လို့ မဆိုနိုင်ပေမယ့် အမြဲလိုလို သွားဖြစ်တယ်...တရားကတော့ ပါရမီကနည်း ဝိရိယက မမြဲလို့ ခုထိ ဘာမှဖြစ်မလာသေးပါဘူး....

တနင်္ဂနွေဆိုလဲ ညနေ ၇ နာရီကစပြီး ဓမ္မစကြာရွတ်တယ်... အဲ့ဒါကတော့ တစ်ခါတစ်လေမှသွားဖြစ်တာ...
ဒီတစ်ပတ်လည်း မနေ့က မသွားဖြစ်တာနဲ့ ဒီနေ့ရောက်အောင်သွားလိုက်တာလည်းပါတယ်... ဘုရားကျောင်းကန်ဆိုတာ အနည်းဆုံး တစ်ပါတ်တစ်ခါတော့ သွားသင့်တယ်လို့ ထင်တယ်...

အင်း... မနက်ဖြန်ကျတော့လည်း ထုံးစံအတိုင်း တစ်ပါတ်ပြန်လည် တနင်္လာရောက်ပြန်ဦးမယ်....။

ဧကရီ

No comments:

Post a Comment