Friday, May 7, 2010

နာရီ

အရေးကြီးတာဘာလဲ
ပိုအရေးကြီးတာကဘာလဲ
အရေးအကြီးဆုံးကဘာလဲ
သေချာခွဲခြား အချိန်ကိုလေးစား

ကြိုးစားတိုင်းအရာကမထင်
အချိန်လဲခွဲရခက် ဇယားလဲတစ်ဝက်တစ်ပျက်
၂၄ နာရီတစ်ရက်
စက္ကန့် ၆၀ တစ်မိနစ်
တစ်နှစ်ကို ၃၆၅
ဘာလို့များမလောက်လဲတွေး
တရေးရေး အချိန်တွေကုန်
နေကုန်လို့မိုးချုပ်
အရုပ်လိုငါ့နေ့တွေထဲ
တစ်ရက်ထည်း ၂၅ နာရီ
တစ်နာရီ ပိုရချင်တယ်
အိပ်ရေးမ၀တာ များနေပြီ။

ဧကရီ

No comments:

Post a Comment