Sunday, August 15, 2010

မွေးနေ့ ၊ ဝါဆိုသင်္ကန်း

ဒီနေ့ မွေးနေ့ အတွက်ရော ဝါဆိုသင်္ကန်းပါပေါင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ် သင်္ကန်းကပ်ဖြစ်တယ်...

ကိုယ်တိုင် ထမင်းဟင်းချက်ပြီး ဆွမ်းကပ် သင်္ကန်းကပ်တာဆိုလို့ ဒါ ပထမဆုံးပါ...

အိမ်မှာလုပ်တိုင်းကိုယ်က အဆင်သင့် မေမေတို့နောက်က လိုက်နေကြဆိုတော့...

ဒါတောင် အကုန်လုံးကိုယ်လုပ်တာချည်းပဲမဟုတ်ဘူး...

မွေးနေ့နီးတဲ့ အမတစ်ယောက်နဲ့ပေါင်းလုပ်တာ...

သူလဲ သူ့အိမ်မှာသူချက် ဘုန်းကြီးကျောင်းကို သယ်လာ...

ကိုယ်လဲ ကိုယ့်အိမ်မှာ ကိုယ်ချက် ဘုန်းကြီးကျောင်းကို သယ်လာ...

အိမ်ရှင်အန်တီကတော့ part time အလုပ်သွားရမယ့်ကြားက ဟင်းအိုးဝိုင်းပြင်ပေးသေးတာ... ကျေးဇူးတင်စရာပါ....
ဒီလိုနဲ့ အလှူပွဲလေးဖြစ်မြောက်သွားတယ်...

မနက်စောစော အိမ်ကိုလာပြီး ကူသယ်ပေးတဲ့ သူငယ်ချင်းကလည်း မရှိမဖြစ် အရေးကြီးတယ်... သူသာမရှိရင် ကိုယ်တစ်ယောက်ထည်း ဘယ်လိုသယ်မလဲနော်...

ထမင်းတစ်အိုးကြီး... ဟင်းချိုင့်တွေ... အသီး... တစ်ယောက်ထည်း သယ်လို့တော့အဆင်မပြေ...

ဒါတောင် လူတွေများများဖိတ်တဲ့အလှူမဟုတ်ဘူး....

အတူတူလုပ်တဲ့ အမဆို ဘယ်သူ့မှကို မဖိတ်ဘူး...အတူနေတဲ့သူတွေလောက်ပဲ... ဒါက စေတနာမရှိလို့မဟုတ်ဘူး... တစ်ယောက်ထည်းသမားတွေဆိုတာ အလှူကြီးကြီးမားမား ကိုယ့်ဘာသာလုပ်ဖို့က ခက်သား... ချက်ဖို့ ပြုတ်ဖို့... နေရာ... အိမ်ကလဲ တစ်အိမ်လုံးငှါးနေတာမျိုး မဟုတ်တော့ ပိုဆိုးတယ်...

ကိုယ်ကတောင် သူငယ်ချင်း သုံးယောက်လာစားကြသေးတယ်....
တစ်ယောက်က အရင်အတူနေတဲ့ အခန်းဖော်... နောက်နှစ်ယောက်ကတော့ အတော်ရင်းနှီးတဲ့ သူတွေပါ...
မနက်ထည်းကလာကူတဲ့ သူငယ်ချင်းပါ ပါရင် လေးယောက်...
သူတို့လဲ အပြန် အိုးတွေခွက်တွေ ဝိုင်းသယ်ပေးကြတာ.... ကျေးဇူးပါ...

ဘုန်းဘုန်းက တရားဟောတော့ မွေးနေ့လုပ်တယ်ဆိုတာ အဓိပါယ်ရှိတယ်တဲ့... မနုတသဘာဝေါ ဒုလ္လဘော... လူ့ဘဝဆိုတာ ရခဲတယ်တဲ့... ရခဲတဲ့ လူ့ဘဝကြီးမှာ ငါနေလာတာ ခုဆို နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုပြီး ကြွေးကြော်တာပေါ့တဲ့....နောက်ပြီး မိဘကိုလဲ ကျေးဇူးတင်ရတယ်ပေါ့...

ဝါဆို သင်္ကန်းဆိုတာကတော့ အထူးပြောစရာမလိုပါဘူး... အားလုံးသိပြီးတဲ့အတိုင်း ဝါဆို သင်္ကန်းကပ်တဲ့သူက အပါယ်မကျဘူးတဲ့...

ဒီနေ့ ပျော်တယ်... ကုသိုလ်လုပ်ရတဲ့အတွက်ရော...ပထမဆုံး ကိုယ့်ဘာသာလုပ်ဖြစ်တဲ့အလှူမို့လို့ရော...
မွေးနေ့လုပ်တယ်ဆိုတာ "ရခဲတဲ့ လူ့ဘဝကြီးမှာ ငါနေလာတာ ခုဆို နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုပြီး ကြွေးကြော်တာပေါ့ " လို့ သိလိုက်ရတဲ့အတွက်ရော...

ပါဠိ စာလုံးတွေတော့ စာလုံးပေါင်းမှားနေတယ်... မရိုက်တတ်တဲ့အတွက်ပေါ့...

အင်း.. အမှားကင်းအောင်တော့ စာရိုက်နည်းလဲ မေးထားရဦးမယ်...

ဧကရီ

No comments:

Post a Comment