Monday, December 7, 2009

မှာတမ်း

အို တိမ်လွှာ
သင်ဘယ်ကမ္ဘာကိုလွင့်
အကယ်၍ လေသင့်ခဲ့ရင်
ကျွန်ုပ်၏ ချစ်သူကိုရှာဖွေ
လွမ်းနေကြောင်း ပြောပေးပါအဆွေ....

အို လေညှင်း
သင် ဘယ်အရပ်ကိုတိုက်ခတ်
ကျွန်ုပ်ချစ်သူနဲ့များ ထိခတ်ခဲ့ရင်
တွေ့ချင်ကြောင်းပြောပေးပါ အဆွေ...

အို ဥသြပျို
သင် ဘယ်အရပ်ကိုပျံသန်း
ကျွန်ုပ်ချစ်သူရှိရာများ လှမ်းခဲ့ရင်
ကျွန်ုပ်အချစ်ကို တေးဖွဲ့ချွဲနွဲ့လို့ပြောပေးပါအဆွေ...

တိမ်လွှာမလွင့်
လေညှင်းငြိမ်သက်
ဥသြငှက်ပျို တေးမဆိုသော်
သောကလောင်မြိုက် အမိုက်တိုက်ဝယ်
ကျွန်ုပ်တစ်ယောက်ထည်း ရှိချေပြီ.......

ဧကရီ
( ၈ . ၄ . ၂၀၀၂ တက္ကသိုလ်ကျောင်းသူဘ၀တုန်းက ရေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ။ အခု အချိန်နဲ့ဆို ၇ နှစ်တောင် ကြာခဲ့ပြီပေါ့။ပြန်ဖတ်ကြည့်တော့လည်း ကြိုက်နေတုန်းပါပဲ။ ကိုယ့်ရင်ထဲက စာတစ်လုံးဆိုတာ ထာဝရရှင်သန်နေစမြဲဆိုတာ ဒါမျိုးပဲနဲ့တူပါရဲ့နော်....)

No comments:

Post a Comment