Tuesday, November 1, 2011

အထီးကျန်

လွမ်းစရာ ဘာမှ မရှိတာထက်
လွမ်းစရာ တစ်ခုတစ်လေရှိတာက ပိုကောင်းပါတယ်

ချစ်စရာ ဘာမှ မရှိတာထက်
ချစ်စရာ တစ်ခုတစ်လေရှိတာက ပိုကောင်းပါတယ်

တွယ်တာစရာ ဘာမှ မရှိတာထက်
တွယ်တာစရာ တစ်ခုတစ်လေရှိတာက ပိုကောင်းပါတယ်

အပြစ်ကင်းတဲ့ ချစ်ခြင်း
သန့်စင်တဲ့ အတွယ်အတာ
ကြည်နူးစရာ အလွမ်း
တမ်းတမ်းတတပြုံးနေတုန်း
အို...ဗြုန်းဆို...မိုးတွေရွာလာပါရောလား.....။


ဧကရီ

1 comment:

  1. ရောက်တယ် ညီမရေ..
    ရှိတာထက် မရှိတာကပိုကောင်းတယ် မဟုတ်ဘူးလား..။
    အဲ့ဒီမိုး မစိုစေနဲ့..အအေးမိတာထက် ပိုဆိုးတယ်..

    ReplyDelete