Monday, October 31, 2011

အံသွား

နှုတ်ပစ်လိုက်ပြီ
အံ့သြဖို့တော့အကောင်းသား... နာနေတာက ညာဘက်အောက်နောက်ဆုံးက အံသွားနဲ့ သွားဖုံး..နှုတ်လိုက်ရတာက ညာဘက်အပေါ်နောက်ဆုံးကအံသွား... ဆရာဝန်မကပြောတာတော့ အပေါ်သွားက ရှည်ပြီး အောက်သွားဖုံးကို လာကြိတ်ဝါးနေလို့ အောက်က နာတာတဲ့... စောစောစီးစီး အပေါ်ကို မနှုတ်ရင် အောက်သွားကို ခွဲပြီးနှုတ်ရမယ်ဆိုပဲ... အမလေးလေး...  ကြောက်သွေးတွေတောင်ဖြာကနဲဖြစ်သွားသလိုပဲ...သတ္တိကလည်း နည်းတယ်လေ...
ကိုယ်လည်းသူ့ကို တတ်နိုင်သ၍ မနှုတ်ရအောင် သွေးဆောင်တာပါပဲ... သူကလည်း မနှုတ်ချင်ရပါတယ် ဆေးသောက် ပျောက်တော့ မပျောက်ဘူး ပြန်နာမှာပဲတဲ့... ကဲ... နောက်ဆုံး အရှုံးပေးလိုက်ပါတယ်... နှုတ်လိုက်ပါ အမရယ်ပေါ့... အောက်အံသွားကိုမှ ခွဲပြီးမနှုတ်ချင်တာ.. ခွဲပြီး နှုတ်ရတဲ့ အထိမှ မရောက်ချင်တာ...

ကြောက်တာတော့ ကြောက်တာပါပဲ... တစ်ယောက်ထည်း အားကိုးလည်းမရှိ... အားငယ်မိတယ်ပဲ ဆိုရမလား... ဝမ်းနည်းမိတယ်ပဲ ဆိုရမလား.... မြန်မာပြည်ပြန်ပြီး အမေ့ကိုခေါ် ဆေးခန်းသွားရအောင်လည်း အဲ့လောက် အသည်းငယ်နေဖို့ အခြေအနေကမှ မပေးတာပဲလေ...

ဒီလိုပါပဲ ရှောင်လွှဲလို့မရတာတွေကို ရင်ဆိုင်ရတာပဲ မဟုတ်လား... ဒီလိုလုပ်မှပျောက်မယ်ဆိုရင် ပျောက်မယ့်လမ်းကိုရွေးရုံပေါ့ ... No Choice လို့တော့မပြောချင်ပါဘူး... မနှုတ်ဘူးလို့ ခေါင်းမာလဲ ရတာပဲလ.. အကျိုးဆက်ဆိုတာကတော့ သူ့ဘာသာ ရှိမှာပဲပေါ့...

အမှန်က ဒီအရွယ်သာရောက်တာ.. ညာဘက်အောက်ဆုံးက wisdom teeth လို့ခေါ်တဲ့ အံဆုံးက မပေါက်သေးတော့ သူထွက်လာလို့နာတယ်ပဲထင်တာ... ဆရာဝန်မကလည်း သွားဖုံးအောက်မှာ သွားတစ်ချောင်းရှိသေးတယ်တဲ့... အင်း ... ထွက်လာရင် ဘာဖြစ်ဦးမလဲ... မထွက်လဲရတဲ့ သွားပဲလေ... မထွက်လို့ ဒုက္ခ မရောက်ဘူးဆို တစ်သက်လုံးထွက်မလာပါနဲ့တော့...

သွားစိုက်ရင် ဘယ်လောက်ကျမလဲ ... တစ်ချောင်းကို စင်ကာပူ ၃၀၀၀ .... ရူးကြောင်ကြောင်တောင်ဖြစ်ချင်သွားတယ်.... ၄ လခွဲပေးလို့ရမယ်တဲ့... အမေရေ.. သမီးသွားတစ်ချောင်းစိုက်ဖို့ အိမ်ကို ၄ လလောက် ပိုက်ဆံပို့နိုင်မယ်မထင်ဘူး.... ဟူး....မောလိုက်တာ... သွားနှုတ်တာထက်တောင် ကြောက်စရာကောင်းသေးပါလား... မြန်မာပြည်မှာဆိုရင်ရော ဘယ်လောက်တောင် ကုန်မှာလဲ... တွေးပဲ မတွေးရဲတော့ဘူး.... အင်း.... ဇရာ ဇရာ .... (ဟင်...ဒါတော့နည်းနည်းများသွားပြီထင်တယ်...)

မနက်ဖြန် MC ပေးလိုက်တယ်... ကောင်းတယ်ပဲပြောရမှာပေါ့.. ကောင်းကောင်းနားလိုက်တဲ့.... ဟုတ်ကဲ့... ဟုတ်ကဲ့...

၂၁ ရက်နေ့ cleaning လုပ်ဖို့ date ယူခဲ့သေးတယ်... နောက်တစ်ခေါက် သွားရဦးမယ်.....

ဒါကြောင့်ပြောတာ... ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်ရမယ်ဆိုတာ... Maintenance က အရေးကြီးတာလေ....။

ဧကရီ



No comments:

Post a Comment