Sunday, October 30, 2011

တစ်ရေးနိုး

ဘလော့လား... မရေးဖြစ်တာကြာပေါ့
အကြောင်းလား... ပျင်းနေတာလေ
ကြည့်ဖြစ်လားဆိုတော့... ကိုယ့်ဘလော့ပဲ နေ့တိုင်းဝင်ကြည့်တယ်...ဟီးးး
ဘာလုပ်တာလဲဆိုတော့....ချိတ်ထားတဲ့လင့်တွေကနေ သူများတွေရေးထားတာတွေလျှောက်ဖတ်တာလေ...
အော်...စာဖတ်တယ်ဆိုတာ ဗဟုသုတတိုးပွါးတယ်မဟုတ်လား...အမှန်အတိုင်းပြောရရင် ဘလော့တွေလည်ပြီးစာဖတ်ရင်း ကိုယ်လည်း ရေးချင်စိတ်ဖြစ်ပါတယ်.... ပြီးတော့တစ်ခါ ငါရေးလည်းဘာမှ အကျိုးရှိတာတွေ မပါပါဘူးလေ ဆိုပြီး စိတ်ဓါတ်က ပြန်ကျသွားပြန်တယ်..
နောက်တော့တစ်ခါ ရေးဦးမှပါဆိုပြီးစဉ်းစားတယ်...ပြီးတော့တစ်ခါ ပျင်းပြန်တယ်...။

ခုတော့တစ်ခါ စာရေးတာ ကောင်းတဲ့ အလေ့အထ တစ်ခုပါဆိုပြီး စာပြန်ရေးဖို့ ကြိုးစားပြန်တယ်...
ကောက်ရိုးမီးလို ဟုန်းကနဲတောက်ပြီး ငြိမ်းသွားပြန်ဦးမလားတော့ မသိဘူး...
ဖွဲမီးဖြစ်အောင် ကြိုးစားရပြန်ဦးမယ်...ပျင်းနေလို့တော့ ဘာမှဖြစ်မလာဘူးလေ...။

ဧကရီ










No comments:

Post a Comment