Sunday, October 30, 2011

ကထိန်

ဒီနေ့ ( ၃၀.၁၀.၂၀၁၁ ) ညောင်ကန်အေးဘုန်းကြီးကျောင်းက ကထိန်ကိုသွားဖြစ်တယ်
ကထိန်သက်န်းဒွိစုံကို 30 sgd နဲ့ လှူဒါန်းဖြစ်ခဲ့တယ်
အင်း...အိမ်မှာ မေမေတို့ရော လှူပြီးကြပြီလား စဉ်းစားမိသေးတယ်
ဒီနေ့ဖုန်းဆက်တာ လိုင်းက မကောင်းတာနဲ့ ကထိန်သင်္ကန်းကပ်တဲ့ အကြောင်းပြောတဲ့ဆီတောင် မရောက်လိုက်ဘူး
pfingo ကလဲ လိုင်းမကောင်းဘူး ... ဖုန်းကဒ်နဲ့ခေါ်ပြန်တော့လည်း ကဒ်က မကောင်းဘူး... နောက်ဆုံး ဖုန်းက ကျသွားတယ်... စိတ်ညစ်ပါတယ်... ဖုန်းကဒ်တွေ ခေါ်လို့မရပဲ ပိုက်ဆံတွေဖြတ်ဖြတ်သွားရင် ငိုချင်တယ်... ဟင်း.... မတတ်နိုင်ဘူးလေ... မသုံးလို့မှ မရတာ... နောက်ဆုံးတော့ 1818 ပဲ ကောင်းမယ်ထင်ပါတယ်... မိနစ်များများမရလဲ သုံးရတာ စိတ်ချမ်းသာတယ်... ဟင်း ဟင်း... အလိုကြီးအရနည်းတာဖြစ်မယ်... မချိပြုံးပဲ ပြုံးရတော့မယ်....

အင်း.... ကထိန်ဆိုမှ... ဘုန်းကြီးကျောင်းမရောက်တာ တော်တော်ကြာပြီပဲ....
အလုပ်များတာ ပင်ပန်းတာတွေအကြောင်းပြပြီး တရားသွားမထိုင်ဖြစ်တာ ကြာနေပြီ...
ကိလေသာတွေ ကိလေသာတွေ... လောဘ ဒေါသ မောဟတွေ များနေတာ....အသိခေါက်ခက် အဝင်နက်တယ် ဆိုတဲ့ အဖွားပြောနေကျစကားကို သတိများရမိသေးတယ်... အဟက်

ဓါတ်ပုံလား... မရိုက်ဖြစ်ခဲ့ဘူး... ပြောရဦးမယ်... သွားက နာနေတယ်လေ... အံသွားမို့လားမသိ ပခုံးတွေရော ခေါင်းတွေရော နာနေသလိုပဲ...ဆိုးတယ်... စိတ်က မကြည်ဘူး... ဓါတ်ပုံရိုက်ဦး facebook တင်ဦး မလုပ်နိုင်ဘူး မလုပ်ချင်ဘူး...

ကထိန်တောင် သင်္ကန်းကပ်ချင်တာကြောင့်သာ အားတင်းသွားရတာ... ဆေးလား..သောက်တယ်လေ...
ဆေးခန်း... မနက်ဖြန်ညနေသွားရဦးမယ်... မောပါတယ်... တကယ်ပြောတာ...

ကဲ .. အခုလား... နားတော့မယ်... ဆေးထပ်သောက်ပြီး အိပ်တော့မှပါ... သက်သာမှဖြစ်မှာပါလေ....။

ဧကရီ


No comments:

Post a Comment