Sunday, April 8, 2012

လေယာဉ်ပေါ်မှာမြွေ

ဒါဝင်ကနေပျံသန်းလာတဲ့လေယာဉ်ပေါ်မှာ မြွေတစ်ကောင်ထွက်ပေါ်လာခဲ့တာမို့သြစတေးလျားလူမျိုး လေယာဉ်မှူး Braden Blennerhassett တစ်ယောက်ဟာ ထိတ်လန့်တကြားဖြစ်ခဲ့ရပါတယ်။
မြွေဟာ transmit button နားကနေခေါင်းပြူထွက်လာခဲ့တာဖြစ်ပါတယ်။
 လေယာဉ်မှူးအနေနဲ့ ဒီ transmit button ကိုအသုံးပြုပြီး မြေပြင်နဲ့ဆက်သွယ်ရမှာပါ။

အရေးပေါ် မေဒေးအသံလွှင့်အချက်ပြ (May Day call) ကို သုံးပြီးတဲ့နောက် ဒါဝင်လေဆိပ်ကို အန္တရာယ်ကင်းကင်း ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။





လေယာဉ်လဲ ဆင်းရော မြွေဟာ သူ့ခြေထောက်ပေါ် ကနေ လျောဆင်းသွားတယ်လို့ လေယာဉ်မှူးက ပြောပါတယ်။

အခု ဒီမြွေကို ရှာမတွေ့မချင်း လေယာဉ်ဟာ မြေပြင်မှာ ရပ်နားထားရတော့မှာပါ။

အင်း.. ဒီသတင်းကိုတွေ့တော့ Snakes on a plane ဆိုတဲ့ရုပ်ရှင်ကိုတောင် သတိရမိသေးတယ်... 


တကယ်သာ မြွေပါလာတာဆိုရင်တော့ ကြောက်စရာပါပဲ... အဲ.. လေယာဉ်မှူးက ထင်ယောင်ထင်မှားတွေမြင်နေတာဆိုရင်တော့ ဆေးကုရတော့မယ်ထင်ပါတယ်။ 
မူရင်းသတင်းကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

ဧကရီ
၀၈.၀၄.၂၀၁၂
 

No comments:

Post a Comment